Unique Art အမည္ရွိ ပန္းခ်ီျပပြဲနဲ႔ ေလလံပြဲ မိတ္ဆက္

Unique Art အမည္ရွိ ပန္းခ်ီျပပြဲနဲ႔ ေလလံပြဲ မိတ္ဆက္

By Sawe Taw Sein Media

Novotel Yangon Max Hotel နဲ႔ Asia Art Connect တို႔ ပူးေပါင္းျပီး Unique Art အမည္နဲ႔ ပန္းခ်ီျပပြဲနဲ႔ ေလလံပြဲ ကို လာမယ့္ ေအာက္ိုဘာလ ၂၁ မွ ၂၂ ရက္ေန႔အထိက်င္းပမယ့္အေၾကာင္း စာနယ္ဇင္းမိတ္ဆက္ပြဲကို ေအာက္တိုဘာလ ၃ ရက္ေန႔က Novotel Hotel မွာ က်င္းပခဲ့ပါတယ္။

ပန္းခ်ီျပပြဲမွာ ျမန္မာ့ထိပ္တန္းပန္းခီ်ဆရာမ်ားရဲ႕ လက္ရာ ၈၀ ေက်ာ္ျပသေရာင္းခ်သြားမွာျဖစ္ျပီး Unique Art ဆိုတဲ့ အမည္အတိုင္း ဘယ္ေနရာမွ မွ မေတြ႔အျမင္ရေသးတဲ့ ပန္းခ်ီကားေတြ၊ ယခုပြဲအတြက္သီးသန္႔ေရးဆြဲထားတဲ့ ပန္းခ်ီကားေတြကို ျပသသြားမွာျဖစ္ပါတယ္။

ေလလံပြဲကိုေတာ့ ေအာက္တိုဘာလ ၂၂ ရက္ေန႔ ညေန ၆ နာရီအခ်ိန္မွာ က်င္းပသြားမွာျဖစ္ျပီး ေရွးေဟာင္းပန္းခ်ီကားမ်ား၊ ထိပ္တန္းပန္းခ်ီဆရာၾကီးမ်ားရဲ႕ လက္ရာမ်ား၊ ႏိုင္ငံတကာမွ အႏုပညာရွင္မ်ားရဲ႕ လက္ရာမ်ားကို ေလလံတင္ပြဲမွာ ေရာင္းခ်သြားမွာျဖစ္ျပီး တဦးလွ်င္ လက္မွတ္တေစာင္ကို 95USD ႏႈန္းနဲ႔ Novotel Yangon Max Hotel နဲ႔ Asia Art Connect တို႔မွာ ၀ယ္ယူႏိုင္မွာျဖစ္ပါတယ္။

ပန္းခ်ီကားေလလံတင္ေရာင္းရေငြမ်ားရဲ႕ ၁၀ ရာခိုင္ႏႈန္းစီကို Novotel Hotel မွာ ေဆာင္ရြက္ေနတဲ႔ Light for Life အစီအစဥ္ နဲ႔ Art Industry ကို လွဴဒါန္းသြားမွာျဖစ္ပါတယ္။
#zawgyi

Unique Art အမည်ရှိ ပန်းချီပြပွဲနဲ့ လေလံပွဲ မိတ်ဆက်

Novotel Yangon Max Hotel နဲ့ Asia Art Connect တို့ ပူးပေါင်းပြီး Unique Art အမည်နဲ့ ပန်းချီပြပွဲနဲ့ လေလံပွဲ ကို လာမယ့် အောက်ိုဘာလ ၂၁ မှ ၂၂ ရက်နေ့အထိကျင်းပမယ့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို အောက်တိုဘာလ ၃ ရက်နေ့က Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။

ပန်းချီပြပွဲမှာ မြန်မာ့ထိပ်တန်းပန်းချီဆရာများရဲ့ လက်ရာ ၈၀ ကျော်ပြသရောင်းချသွားမှာဖြစ်ပြီး Unique Art ဆိုတဲ့ အမည်အတိုင်း ဘယ်နေရာမှ မှ မတွေ့အမြင်ရသေးတဲ့ ပန်းချီကားတွေ၊ ယခုပွဲအတွက်သီးသန့်ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ပြသသွားမှာဖြစ်ပါတယ်။

လေလံပွဲကိုတော့ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန်မှာ ကျင်းပသွားမှာဖြစ်ပြီး ရှေးဟောင်းပန်းချီကားများ၊ ထိပ်တန်းပန်းချီဆရာကြီးများရဲ့ လက်ရာများ၊ နိုင်ငံတကာမှ အနုပညာရှင်များရဲ့ လက်ရာများကို လေလံတင်ပွဲမှာ ရောင်းချသွားမှာဖြစ်ပြီး တဦးလျှင် လက်မှတ်တစောင်ကို 95USD နှုန်းနဲ့ Novotel Yangon Max Hotel နဲ့ Asia Art Connect တို့မှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။

ပန်းချီကားလေလံတင်ရောင်းရငွေများရဲ့ ၁၀ ရာခိုင်နှုန်းစီကို Novotel Hotel မှာ ဆောင်ရွက်နေတဲ့ Light for Life အစီအစဉ် နဲ့ Art Industry ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။
#unicode

Previous

နာမည္ေက်ာ္ပန္းခ်ီဆရာေတြရဲ့ လက္ရာေတြပါဝင္ ပန္းခ်ီေလလံပြဲ ရန္ကုန္မွာ က်င္းပမယ္

October 15, 2019
Next

Unique Art ပန္းခ်ီျပပြဲႏွင့္ ေလလံပြဲက်င္းပမည္

October 15, 2019

Leave a Reply

Your email address will not be published. Required fields are marked *