Unique Art ပန်းချီပြပွဲနှင့် လေလံပွဲကျင်းပမည်

Unique Art ပန်းချီပြပွဲနှင့် လေလံပွဲကျင်းပမည်

By One News Myanmar

Novotal Yangon Max Hotel နဲ့ Asia Art Connect တို့ကပူးပေါင်းပြုလုပ်တဲ့ Unique Art ပန်းချီပြပွဲနဲ့ လေလံပွဲကို ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ အောက်တိုဘာ(၂၁)ရက်နဲ့ (၂၂)ရက် ကျင်းပသွားမှာဖြစ်ပါတယ်။ အဲဒီပန်းချီပြပွဲမှာ ပန်းချီကားပေါင်း(၈၀)ကျော် ပြသသွားမှာဖြစ်ပြီး အဲဒီထဲက ပန်းချီကား (၂၀)ကျော်ကို လေလံတင်ရောင်းချသွား မယ်လို့ သိရပါတယ်။

အဲဒီပန်းချီပြပွဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ပန်းချီဆရာကြီးတွေရဲ့ ရှေးဟောင်းပန်းချီကားတွေ၊ ထိပ်တန်းပန်းချီ ဆရာကြီးတွေရဲ့ ပန်းချီကားတွေအပြင် နိုင်ငံတကာက ပန်းချီအနုပညာရှင်တွေရဲ့ ပန်းချီကားတွေကိုပါပြသပြီး လေလံတင်ရောင်းချသွားမှာဖြစ်တယ်လို့ Asia Art ကုမ္ပဏီက မသဇင်နီကပြောပါတယ်။ လေလံတင်ရောင်းချမယ့် ပန်းချီကားဈေးနှုန်းတွေကတော့ အမေရိကန်ဒေါ်လာ ထောင်ဂဏန်းကနေ သောင်းဂဏန်း အထိရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပန်းချီလေလံပွဲကနေ ရောင်းချလို့ရတဲ့ငွေထဲက (၁၀)ရာနှုန်းကို နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်က ဆောင်ရွက်နေတဲ့ Light for life အစီအစဉ်နဲ့ နောက်ထပ်(၁၀) ရာခိုင်နှုန်းကို Art Industry တို့ကို လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

သတင်း – ဖြိုးဝေလင်း

Previous

Unique Art အမည်ရှိ ပန်းချီပြပွဲနဲ့ လေလံပွဲ မိတ်ဆက်

October 15, 2019
Next

ရှေးဟောင်းပန်းချီကားများအပြင် ပန်းချီကား ၈ဝကျော်ပါဝင်မည့် Unique Art ပန်းချီပြပွဲနှင့် ပန်းချီကားလေလံပွဲကျင်းပမည်

October 15, 2019

Leave a Reply

Your email address will not be published. Required fields are marked *