ရှေးဟောင်းပန်းချီကားများအပြင် ပန်းချီကား ၈ဝကျော်ပါဝင်မည့် Unique Art ပန်းချီပြပွဲနှင့် ပန်းချီကားလေလံပွဲကျင်းပမည်

ရှေးဟောင်းပန်းချီကားများအပြင် ပန်းချီကား ၈ဝကျော်ပါဝင်မည့် Unique Art ပန်းချီပြပွဲနှင့် ပန်းချီကားလေလံပွဲကျင်းပမည်

ရွှေရောင်
ရန်ကုန် အောက်တိုဘာ ၃
==================
Unique Art ပန်းချီပြပွဲနှင့် ပန်းချီကားလေလံပွဲကို အောက်တို ဘာ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပန်းချီပြပွဲနှင့်ပန်ချီကား လေလံပွဲကို Novotel Yangon MaxHotel နှင့် Asia Art Connect တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာ့ထိပ်တန်းပန်းချီဆရာ ၄ဝ ကျော်၏ပန်းချီကား ၈ဝ ကျော်ကို ပြသရောင်းချသွားမည်ဖြစ်သည်။

ယခုပန်းချီပြပွဲတွင် Unique Art ဟုအမည်ပေးထားသည့်အတိုင်း မည်သည့်ပြပွဲတွင်မှပြသထားခြင်း မရှိသော ယခုပြပွဲအတွက်သာသီး သန့်ရေးဆွဲထားသောပန်းချီကား များကို ပြသသွားမည်ဖြစ်သည်။

ပန်းချီကားလေလံပွဲကိုအောက် တိုဘာ ၂၂ ရက် ညနေ ၆နာရီတွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး ရှေးဟောင်းပန်ချီကားများနှင့်ထိပ် တန်းဆရာကြီးများ၏ပန်းချီကား များအပြင် နိုင်ငံတကာမှ အနုပညာ ရှင်များ၏ အနုပညာလက်ရာများ ကိုလည်းလေလံပွဲတွင်ရောင်းချသွား မည်ဖြစ်ရာ လေလံပွဲတက်ရောက် သူများအနေဖြင့်ညစာစားပွဲပါဝင်၍ တစ်ဦးလျှင်ဒေါ်လာ၉၅ဒေါ်လာကျ သင့်မည်ဖြစ်သည်။ ပန်းချီလေလံပွဲ တွင်ရောင်းရငွေ၏ရာခိုင်နှုန်း ၂ဝကို လှူဒါန်းသွားမည်ဖြစ်ရာ ၁ဝရာခိုင် နှုန်းကိုနိုဗိုတယ်ရန်ကုန်ဟိုတယ်မှ ဆောင်ရွက်နေသော Light ForLife အစီအစဉ်တွင် လှူဒါန်းမည်ဖြစ်ပြီး ၁ဝ ရာခိုင်နှုန်းကို Art Industry ကို လှူဒါန်းသွားမည်ဖြစ်သည်။

The Union Daily

Previous

Unique Art ပန်းချီပြပွဲနှင့် လေလံပွဲကျင်းပမည်

October 15, 2019
Next

How to write and essay

October 15, 2019

Leave a Reply

Your email address will not be published. Required fields are marked *