နာမည်ကျော်ပန်းချီဆရာတွေရဲ့ လက်ရာတွေပါဝင် ပန်းချီလေလံပွဲ ရန်ကုန်မှာ ကျင်းပမယ်

နာမည်ကျော်ပန်းချီဆရာတွေရဲ့ လက်ရာတွေပါဝင် ပန်းချီလေလံပွဲ ရန်ကုန်မှာ ကျင်းပမယ်

အောက်တိုဘာ – ၃ ၊၂၀၁၉

Unique Art အမည်ရှိတဲ့ ပန်းချီပြပွဲနဲ့ လေလံပွဲကိုအခုအောက်တိုဘာလ ၂၁ ရက်ကနေ စတင်ကာ နှစ်ရက်ကြာ ရန်ကုန်မြို့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပသွားမှာပါ။

ပန်းချီပြပွဲကို အခမဲ့လာရောက်ကြည့်ရှုနိုင်ပြီး မြန်မာထိပ်တန်း ပန်းချီဆရာတွေရဲ့လက်ရာ ပန်းချီကားပေါင်း ၈၀ ကျော် ပြသရောင်းချသွားမှာလို့ သိရပါတယ်။

ဒီပြပွဲမှာ ပန်းချီပြပွဲတွေမှာ တစ်ခါမှမပြသဖူးသေးတဲ့ ပန်းချီကားတွေ၊ အခုပွဲအတွက် သီးသန့်ရေးဆွဲထားတဲ့ မြန်မာပန်းချီဆရာတွေရဲ့ ပန်းချီကားချပ်တွေကို ပြသသွားမှာလို့ Asia art Connect Company ရဲ့ CEOနဲ့ Co Founder မသဇင်နီက အခုလိုပဲပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အကြီးမားဆုံးဖြစ်လာမယ့် ပန်းချီလေလံပြပွဲလည်းရှိပြီး လေလံဈေးနှုန်းကတော့ ဒေါလာ ထောင်ဂဏန်းကနေ သောင်းဂဏန်းဝန်းကျင်အထိ ဈေးနှုန်းရှိတယ်လို့လည်း သိရပါတယ်။

အဲ့ဒီပြပွဲမှာ ပါဝင်ပြသသွားမယ့် ပန်းချီဆရာတစ်ဦးဖြစ်သူ မွန်သက်ကတော့ ပြပွဲနဲ့ပတ်သက်ပြီး အခုလိုပဲပြေသွားပါတယ်။

ဒီပန်းချီပြပွဲကို Novotel Yangon Max Hotel နဲ့ Asia art Connect တို့ပူးပေါင်းကျင်းပမှာဖြစ်ပြီး မြန်မာပန်းချီထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ပြီးကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

ပန်းချီလေလံပွဲကနေ ရောင်းရတဲ့ငွေတွေရဲ့ ၂၀ ရာခိုင်နှုန်းကို လူမှုအကျိုးပြုလုပ်ငန်းနဲ့ Art Industry ကို ပြန်လည်လှူဒါန်းသွားမှာလို့ သိရပါတယ်။

ရပ်သံသတင်းထောက် – စောအောင်မင်းဦး
https://www.facebook.com/watch/?v=515189479273083

Previous

Response Essay Definition How To

October 15, 2019
Next

Unique Art အမည်ရှိ ပန်းချီပြပွဲနဲ့ လေလံပွဲ မိတ်ဆက်

October 15, 2019

Leave a Reply

Your email address will not be published. Required fields are marked *